Monday, 26 September 2016

သိပ် များများစားစားမရှိပါ


သူသိစေချင်သော ပြောစရာစကားများ
တစ်ဘဝစာတိတိ ရှိသည်...
သူ့ ဆံပင်,မျက်ခုံး,မျက်လုံးလေးတွေနှင့်
သူ့နှုတ်ခမ်းလေးဟာ ဘယ်လောက်လှကြောင်း...
ကျနော် လေးစား မြတ်နိုး တန်ဖိုးထားအပ်သော
တည်ကြည်သော အကျင့်စရိုက် ခိုင်မာသောစိတ်ဓါတ်တို့ရှိကြောင်း...
မတွေ့ရလျှင်တောင် အသံလေးမကြားရသောနေ့များမှာ ဘယ်လောက် လွမ်းကြောင်း...
သူ့ဓါတ်ပုံလေးတွေ ခိုးခိုးနမ်းမိကြောင်း...
နှစ်ဦးသားဘဝကို နားလည်စွာ ပျော်ရွှင်စွာ ဖြတ်သန်းကြဖို့အကြောင်း...
အကြောင်း.....အကြောင်း...
မကုန်ဆုံးနိုင်သော ရင်တွင်းပဲ့တင်သံများအကြား
သူမ ငြီးငွေ့သွားမှာလည်း စိုးရိမ်မိပြန်သည်...
စကားလုံးတို့သည် နှလုံးသား၏ ခံစားချက်တို့အား လောက်လောက်လားလား ပုံဖော်ရန်ကား မစွမ်းနိုင်ချေပြီ...
ထို့ကြောင့် ပြောစရာစကားတို့ သိပ်များများစားစားမရှိပါ...
ကျနော်သူမကို မြတ်မြတ်နိုးနိုးချစ်သည်..
သည်စကားသည်ပင်လျှင် တစ်ဘဝစာ ဖြစ်ချေတော့မည်...
လရောင်
12.09.2016... 02:30am

No comments:

Post a Comment