Monday, 26 September 2016

မျက်ရည်များနဲ့ရေးသောစာ

ကာရံတော့ညီမှာမဟုတ်ဘူး ကျုပ်က ကဗျာဆရာမှမဟုတ်တာ
ရင်ကွဲနာဆိုတာက ခင်ဗျားထင်သလို ကြီးကျယ်ခမ်းနားပေမယ့်
ကျုပ်အတွက်တော့ နှလုံးသားကိုတဲ့တဲ့ထိုးလိုက်တဲ့ဓါးရှည်ပဲ
သိပ် နာကျင်လွန်းတယ် ပြောမပြတတ်အောင်

ဒီဇတ်လမ်းရဲ့အဆုံးမှာ
သူ့ကိုဂုဏ်ပြုသောအားဖြင့် ကျုပ်မငိုဘူး
ကျုပ်ရဲ့စစ်မှန်သောချစ်ခြင်းတွေကိုဂုဏ်ယူသောအားဖြင့် ကျသောမျက်ရည်သာဖြစ်တယ်

ညက တိတ်ဆိတ်သလောက်
အလွမ်းသည်ရဲ့ရင်ခွင်ထဲမှာတော့
သေခြင်းတရားဟာ သွေးခြင်းခြင်းနီနေတယ်

မျှော်လင့်ခြင်းရဲ့ဈာပနဟာ လိုက်လံပို့ဆောင်သူမရှိ
သူ့ကိုယ်သူထမ်းပိုးရင်း သူ့တွင်းသူတူးရင်း နိဂုံးချုပ်သွားလေရဲ့

တိတ်ဆိတ်ခြောက်ကပ်စွာမှောင်မည်းနေတဲ့အခန်းလေးထဲမှာ
ကျုပ်တစ်ယောက်ထည်းသာ ကမ္ဘာပျက်နေလေရဲ့
တိတ်တိတ် ဆိတ်ဆိတ်ပါပဲ သေမတတ်အလွမ်းတွေကိုထမ်းပိုးရင်း
ကြယ်ကြွေတာတောင်ဆုမတောင်းမိတော့ဘူး
ပြည့်မှာမှမဟုတ်တာပဲလေ

ဒီလိုနဲ့ သူ့ကိုလွမ်းရင်း....
တိတ် တိတ် ဆိတ် ဆိတ် သေ ဆုံး သွား သော မျှော် လင့်ချက် များ


လရောင်

No comments:

Post a Comment